ကန်ပိုက်တီမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း (mask)များ အခမဲ့ဖြန့်ဝေ

ကန်ပိုက်တီ အောက်တိုဘာ ၂၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့ လူစည်ကားရာနေရာများတွင် မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စုပေါင်း၍ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ နံနက် (၁၀)နာရီက နှာခေါင်းစည်း (mask) များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Mask များ အခမဲ့ ဖြန့်ဝေပေးရာတွင် ကန်ပိုက်တီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင် ဦးဆောင်၍ မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာ အသင်းအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ လမ်းသွားလမ်းလာပြည်သူများ၊ လူစည်ကားရာ ဈေးဆိုင်များနှင့် ကန်ပိုက်တီမြို့ ကုန်သွယ်ရေးစခန်းများတွင် နှာခေါင်းစည်း (mask) အခုရေ (၁၅၀၀) ခန့် ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ကန်ပိုက်တီ (ပြန်/ဆက်)