မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

မြစ်သား    အောက်တိုဘာ  ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ကလေးအလုပ်သမားပ‌ပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့ မွန်းလွဲ(၃)နာရီက လူထုအခြပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်သီတာအောင်ကဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များရှင်းလင်းပြောကြားပြီး မြစ်သားမြို့နယ်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး (တရားလွှတ်တော်ရှေ့နေ) ‌ဒေါ်ထွန်းထွန်းမော်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ခိုင်သန္တာလွင်တို့က ကလေးအလုပ်သမားနှင့်ပတ် သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် အရေးကြီးပုံအကြောင်း၊ ကလေးအလုပ်သမားတွေ လျော့ နည်းပပျောက်အောင် ကလေးများကိုအကာအကွယ်ပေးရမည့် အကြောင်းအရာများ၊ ကလေးများကိုကြမ်းတမ်းသောအလုပ်၊ အန္တရာယ်ရှိသောအလုပ်နှင့် ခေါင်းပုံဖြတ်ခံရသည့် လုပ်ငန်းမျိုးမှအကာအကွယ်ပေးရန်နှင့်ကလေးများ၏ ကျန်းမာရေးနှင့်ပညာရေးတို့ကို ထိခိုက်စေမည့်အလုပ်မျိုးမလုပ်ရစေရန် တားဆီးကာကွယ်ပေးရမည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။                                                                                                 

သီတာအောင်(မြစ်သား)