ဒလ အောက်တိုဘာ ၂ဝ
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် ၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက လူငယ်နှင့်မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက လူငယ်နှင့်မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးပြီး စာရေးဆရာအရိပ်စစ်က မူးယစ်ဆေးဝါး၏အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါး၏ အဓိကအုပ်စုကြီး(၃)ခုအကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်မည့် ဆိုးကျိုးများနှင့် လူငယ်လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ရှောင်ကြည်ရမည့်အချက်များအား ပြည်သူများအသိပညာဗဟုသုတရရှိစေရန် အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒလမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်ပုံပြင်၊ ကဗျာရွတ်အရုပ်ခေါက်ခြင်း အားကစားလှုပ်ရှားမှုများစသည့်အကြောင်းအရာများကို ပြည်သူများ အသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိရာ ယခု Talk Show အပြည့်အစုံကိုလည်း We Love Dalla Facebook Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သီတာဝင်း (ပြန်ဆက်)