တံတားဦးမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြော ပွဲနှင့် ကဗျာရွတ်ဆိုပွဲကျင်းပ

တံတားဦး အောက်တိုဘာ  ၂၀

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အခြေခံပညာတို့ပူးပေါင်းပြီး ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ် ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပွဲကျင်းပကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က မူးယစ်ဆေးဝါးသည် လူငယ်တို့၏ အနာဂတ်ကို ဖျက်ဆီးနိုင်ကြောင်း၊ လူငယ်များသည် မူးယစ်ဆေးဝါးကို လက်တည့်မစမ်းစေလိုကြောင်း  မူးယစ်ဆေးဝါးအန္တရာယ်ကို တိုက်ဖျက်ရန် လူသား တိုင်းတွင် တာဝန်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးဆိုသည်မှာ ဘိန်းပင်၊ ကိုကားပင်၊ ဆေးခြောက်ပင်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အပင်တစ်မျိုးမျိုး၊ လည်းကောင်းမှ ထွက်ရှိသော အရာဝတ္ထုများ၊ ဆေးဝါးများ၊ စိတ်ကို ပြောင်လဲစေသော ဆေးဝါးများဖြစ်ကြောင်း၊   မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး အမျိုးပေါင်း(၁၂၆)မျိုးရှိပြီး ၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးပေါင်း (၁၁၆)မျိုးရှိပါကြောင်း မူးယစ်ဆေး သုံးစွဲရခြင်းမှာ စူးစမ်းလိုခြင်း စမ်းသပ်လိုခြင်း ၊ မူးယစ်ဆေးစွဲသူ အပေါင်းအသင်းဆန္ဒကို မလွန်ဆန်နိုင်ခြင်း အထင်ကြီးအားကျမိခြင်း၊ ကျောင်းသားဘဝတွင် စိတ်လေလွင့်၍ အပေါင်းအသင်းများ ဆွဲဆောင်မှုကြောင့် ဆေးသုံးစွဲခြင်းဖြစ်ကြောင်း၊၊

လူငယ်လူရွယ်များမှာ စူးစမ်းလိုသောကြောင်းလည်းကောင်း ၊ အပေါင်းအသင်းကြောင့်လည်းကောင်း ၊ လူမှုရေးကိစ္စ အဆင်မပြေသောင့်ကြောင့်လည်းကောင်း၊ မူးယစ်ဆေးကို စမ်းသပ်သုံးစွဲမိရာမှ ဆေးစွဲ တတ်ပါကြောင်း၊ ပြည်သူများအနေဖြင့် မူးယစ်ဆေးကို မည်သည့်အချိန်အခါမျှ မသုံးစွဲကြရန် လိုကြောင်းပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က ကဗျာရွတ်ဆိုသည့်အခါ  အသံနေ၊ အသံထား ၊ အဖြတ်အတောက် ၊ မှန်ကန်စွာနှင့် ဖတ်ရှုတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ၊ အားလပ်သည့်အချိန်ကို တန်ဖိုးရှိစွာ အသုံးပြု တတ်စေရန် ရည်ရွယ်၍ ကျင်းပပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ကဗျာရွတ်ဆိုပွဲကို တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူများက မိမိတို့လေ့လာထားသည့် ကဗျာများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြရာ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်တရလက်ဆောင်များ ပေးအပ်ကြ ကြောင်းသိရသည်။

ရဲတင့်