မူဆယ်မြို့ Community Centre ခန်းမ၌ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

မူဆယ် အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community  Centre ခန်းမ၌ ယမန်နေ့  ညနေ ၂ နာရီအချိန်က  စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ပြသဆောင်ရွက်ရာတွင် စာပေချစ်မြတ်နိုးသူများတိုးပွားလာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲတွင် သုတရသစုံလင်သော စာအုပ်စာစောင်များပြသခဲ့ရာ တက်ရောက်လာသော စာဖတ်ဝါသနာရှင်များလည်း စိတ်ဝင်တစား ကြည့်ရှုခဲ့ကြသည်။  နံရံကပ်စာစောင် ပြသရာတွင် လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင်တွင်လည်း လူသားများလူကုန်ကူးသည် ဆိုသည်မှာ အကြောင်းအရာများ၊ လူကုန်ကူးပါကကြီးလေးသော ထောင်ဒဏ်များကျခံရမည့် အကြောင်းအရာများ၊ လူကုန်ကူးသူက  ခေါင်းပုံဖြတ်ခြင်း အကြောင်းအရာများနှင့် လူကုန်ကူးမှု သဘောသဘာဝ အကြောင်းအရာများကို အသိပညာပေးပြသဆောင်ရွက်ခဲ့ပြီး လျှပ်စစ်ချွေတာရေး အသိပညာပေး နံရံကပ်စာစောင်တွင်လည်း   လျှပ်စစ်ဓာတ်အားကို ချွေတာနိုင်မည့်နည်းလမ်း အကြောင်းအရာများအား ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)