ဆီဆိုင်မြို့နယ်  အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းသို့ စာအုပ်/စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေး

ဆီဆိုင်  အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၀န်ထမ်းများသည် ပြည်သူများ စာဖတ်သည့်အလေ့အကျင့် ကောင်းများ တိုးတက်လာစေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသည့် စာဖတ်ဝါသနာရှင်များ စာပေကိုလွယ်လင့်တကူလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွား လာစေရန်အတွက် နယ်လှည့်စာကြည့်တိုက် Mobile Library စနစ်ဖြင့်  စာဖတ်သူများထံသို့ စာအုပ်များအခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့ ညနေ ၃ နာရီက ဟိုခဲရပ်ကွက်အတွင်းရှိ အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းသို့ စာအုပ်/စာစောင်များကိုအခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။

အဆိုပါစာအုပ်များငှားရမ်းပေးရာတွင် အမှတ်(၃)ခြေခံပညာမူလတန်းကျောင်းရှိ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများအား သုတစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ၀တ္တု စာအုပ် များနှင့် အသိပညာဗဟုသုတ များစွာရရှိမည့်စာအုပ်များကို စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး ထိုသို့ ငှားရမ်း ပေးခဲ့သောစာအုပ်များအား တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် အပတ်စဉ်လဲလှယ် ငှားရမ်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)