မဘိမ်းမြို့နယ်တွင် မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်

မဘိမ်း အောက်တိုဘာ  ၂၀                               

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။  

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းက အသိ ပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေသိမ့်သိမ့်မိုးက မသန်စွမ်းသူ များ ပြုစုစောင့်ရှောက်ရေးအတွက် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် သက်ကြီး၊ သက်ငယ်မသန် စွမ်းသူ သင်တန်းကျောင်းများဖွင့်လှစ်၍ ပညာရေးနှင့်အတတ်ပညာများကို နေစရိတ်၊ စားစရိတ် အခမဲ့ဖြင့် သင်ကြားပေးလျက်ရှိပါကြောင်း၊ ကိုယ်အင်္ဂါမသန်စွမ်းခြင်း၊ အမြင်အာရုံမသန်စွမ်းခြင်း၊ အကြားအာရုံမသန်စွမ်းခြင်းများစသည့် မသန်စွမ်းအမျိုးအစားအလိုက် ဝန်ကြီးဌာနမှချမှတ်ထား သော လုပ်ငန်းကြီး(၇)ရပ်နှင့်အညီ ပြုစုစောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ ဘယ်လိုပင်မသန်စွမ်းသူများဖြစ်စေ ယခုကဲ့သို့ ပြုစုစောင့်ရှောက်ခြင်းအားဖြင့် အဆိုပါမသန်စွမ်းသူများ၏ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာတွင် အထောက်အကူများစွာ ရရှိစေမှာဖြစ်ပါကြောင်းစသည်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မဘိမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား အသိပညာ ဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာပေးဆွေးနွေးပွဲ (Talk Show)များကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ချိတ်ဆက်၍ Online မှတဆင့် ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)