ညောင်ဦး အောက်တိုဘာ ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ခရိုင်အဆင့်ဌာနဆိုင်ရာ အရာထမ်း/အမှုထမ်းများမှ ညောင်ဦးခရိုင်အတွင်းရှိ စာသင်တိုက်များနှင့် သီလရှင်ကျောင်းတိုက်များသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား လစဉ်လောင်းလှူလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ကုန်းတန်းကြီးအုပ်စု သန့်ဇင်ကြယ်ကျေးရွာအတွင်းရှိ သာသနာ့ရောင်ခြည် သီလရှင်စာသင်တိုက်သို့ တတိယအကြိမ်မြောက် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ညောင်ဦးမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌဘဒ္ဒန္တပဏ္ဍိတ အရှင်သူမြတ်ထံမှ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယ ဗိုလ်မှူးကြီး မျိုးခိုင်ဝင်းနှင့် ခရိုင်ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက ငါးပါးသီလခံယူဆောက် တည်ကြသည်။ ပြီးနောက် ခရိုင်အဆင့်တာဝန်ရှိသူများက ညောင်ဦးမြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌဘဒ္ဒန္တပဏ္ဍိတနှင့် သာသနာ့ရောင်ခြည်စာသင်တိုက်ရှိ ဆရားလေးတို့အား ဆွမ်းဆန်တော်၊ ဆီ၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငါးခြောက်၊ ခရမ်းချဉ်သီးနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ညောင်ဦးမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌဘဒ္ဒန္တပဏ္ဍိတနှင့် သီလရှင်ဆရာလေးတို့မှ မေတ္တာသုတ် ပရိတ်တော်များ ရွတ်ဖတ်ကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေကြကာ ဆွန်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။
ကိုကြေးမုံ