တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် Mask Campaign ဆောင်ရွက်

တန့်ယန်း  အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရန်နှင့် ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ ပါးစပ်နှာခေါင်းစည်း Face Mask  အခမဲ့ ဖြန့်ဝေပေးခြင်း Mask Campaign ကို ယနေ့နံနက် နာရီက ဆောင်ရွက်ကြသည်။

အဆိုပါ Mask Campaign ဆောင်ရွက်ခြင်းတွင် တန့်ယန်းခရိုင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေလွင်ထွန်းနှင့်တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့နှင့် အသင်းအဖွဲ့များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ပါးစပ်/နှာခေါင်းစည်း Face Mask (၂၅၀၀)ခုနှင့် အသိပညာပေး လက်ကမ်းစာစောင်များကို  လူစည်ကားရာနေရာများဖြစ်သည့် မြို့နယ်စည်ပင်သာယာစျေး အတွင်း/အပြင်နှင့် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ရှေ့တို့တွင် စျေးသည်များ၊ ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။                                       

မင်းလွင်ဦး(ပြန်/ဆက်)