ကွမ်းလုံ အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ(၃)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ရာ ကျောင်းသားကျောင်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိဇာချိုက လူငယ်များ အသိပညာဗဟုသုတတိုးပွားရန်အတွက် စာများများဖတ်ရန် လိုအပ်ကြောင်း၊ လူငယ်များ ကျန်းမာရေးကောင်းမွန်ဖို့ရန်နှင့် ကိုဗစ်-၁၉ ရောဂါ အန္တရာယ်မှ ကင်းဝေးရန်အတွက် နှာခေါင်းစည်းMask တပ်ဆင်ကြရန်၊ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များကို လိုက်နာကြရန် အစရှိသည့် အကြောင်းအရာများကို ဟောပြော ခဲ့သည်။
ထို့နောက် ကျောင်းသားကျောင်းသူများမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြသထားသည့် မြေစိုက်နံရံကပ်ပြဘုတ်ရှိ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးအကြောင်း အရာများကို ကြည့်ရှုခဲ့ပြီး ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)