ခရမ်း အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ကာကွယ်ရေးစစ်ကြောင်းဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၃ နာရီက တရားဥပဒေစိုးမိုးရေးနှင့်ကာကွယ်ရေး၊ အုပ်ချုပ်ရေးတို့ပူးပေါင်းသည့် စစ်ကြောင်းမှ ခရမ်းမြို့နယ် ညောင်ပင်ကွင်းအထက်တန်းကျောင်းခန်းမတွင် ပြည်သူလူထုနှင့်တွေ့ဆုံ ဆွေးနွေးပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဒေသဖွံ့ဖြိုးရေးဆောင်ရွက်မူကို အုပ်ချုပ်ရေးစစ်ကြောင်းအဖွဲ့ဒုခေါင်းဆောင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦး ချစ်ကိုကိုဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်ဇင်သန့်၊ မြို့နယ်လဝကဦးစီးမှူး ဦးမောင်မောင်သန့်၊ ခရမ်းမြို့နယ်ရဲတပ်ဖွဲ့ ဒုရဲမှုးဝင်းလွင်တို့ပါဝင်သည့်အဖွဲ့မှ ကွင်းဆင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများအား တွေ့ဆုံဆွေးနွေး၍ ပြည်သူ့လိုလားချက်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကွင်းဆင်းတွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူးကျော်ဇင်သန့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများအားရှင်းလင်းပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်ဇင်သန့်က ပြည်သူ့စစ်နှင့် ရပ်/ကျေးပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာကိစ္စများကို ခရမ်းမြို့မရဲစခန်းမှူးဒုရဲမှူးဝင်းလွင်က ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူပူးပေါင်းပါဝင်သည့် ရပ်ရွာလုံခြုံဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ၎င်းနောက်ခရမ်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမောင်မောင်သန့်က လူဦးရေစာရင်းမှန်ကန်ရေး ပြည်သူအားလုံးနိုင်ငံသားစိစစ်ရေးကတ်နှင့်မိသားစုသန်းခေါင်စာရင်း ၆၆/၆ ရရှိရေးဆောင်ရွက်ပေးမည့်အခြေအနေများကို ၎င်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဦးက မိုးစပါးစိုက်ပျိုးမှု ပဲတီစိမ်းစိုက်ပျိုးရေးနှင့် ယူရီးယားဓါတ်မြေဩဇာဖြန်ဖြူးရောင်းချပေးမှုများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများကိုယ်စား ဒေသခံပြည်သူ(၂)ဦးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုမင်း ( ခရမ်း )