မော်လမြိုင် အောက်တိုဘာ ၂၀
မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးသင်တန်းကျောင်းမှအမှုထမ်းများ အခြေခံရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ် သမဝါယမရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက အမှာစကား ပြောကြားရာတွင် သင်တန်းကျောင်းမှအသစ်ခန့်အပ်ခဲ့တဲ့ အငယ်တန်းစာရေး၀န်ထမ်းများအား ၀န်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့် ရုံးလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဘဏ္ဌာရေးစည်းမျဉ်းများ၊ သမဝါယမ၀န်ထမ်းတစ်ဦးအနေဖြင့် သိသင့် သိထိုက်သည့်အသင်းဥပဒေ၊ နည်းဥပဒေ သဘောတရားများကို လက်တွေ့လိုက်နာကျင့်သုံး ဆောင်ရွက်သွားဖို့၊ မိမိတို့ကျွမ်းကျင် သည့် အတတ်ပညာများဖြင့် ပြည်နယ်၊မြို့နယ်များအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်တဲ့ ၀န်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို တာ၀န်ရှိသူများက အသီးသီးပေးအပ်ခဲ့သည်။
ထိုနောက် သင်တန်းသားတစ်ဦးက ဒီသင်တန်းကို တက်ရောက်လိုက်ရတဲ့အတွက် ကျွန်တော်တို့လို အမှုထမ်း၀န်ထမ်းများအနေနဲ့ သိသင့်သိထိုက်တဲ့ ၀န်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့် ရုံးလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဘဏ္ဌာရေးစည်းမျဉ်းများ၊ သမဝါယမ၀န်ထမ်းတစ်ဦးအနေဖြင့် သိသင့်သိထိုက်သည့်အသင်းဥပဒေ၊ နည်းဥပဒေ သဘောတရားများကို လေ့လာသိရှိ ခွင့်ရခဲ့သဖြင့် လုပ်ငန်းခွင်မှာ များစွာအထောက်အကူဖြစ်စေတဲ့အတွက် ဆရာ/ ဆရာမများအား ကျေးဇူးတင်ရှိပါတယ် သင်တန်းကာလမှာ သင်ကြားပေးလိုက်တဲ့ သင်ခန်းစာများကို လက်တွေ့နယ်ပယ်မှာ ထိရောက်စွာ ပြန်လည်အသုံးချပြီး ၀န်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ပြည်နယ်အတွင်းရှိ သမဝါယမဦးစီးဌာနမှ ၀န်ထမ်း ၂၈ ဦးက အောက်တိုဘာလ ၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ နှစ်ပတ်ကြာ ဖွင့်လှစ် သင်ကြားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်