မိုင်းရယ် အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီး၍ ဆေးရောင်ခြယ်နှင့် ကာယစွမ်းရည်ပြိုင်ပွဲများ ကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်ရုံး၊ community center ခန်းမ၌ ပြုလုပ်သည်။
ပြိုင်ပွဲများတွင် မိုင်းရယ်မြို့ပေါ်ရှိ အ.မ.က(၂)နှင့် အ.မ.က(၄) ကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း(၂၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာလာနှင့် သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ချမ်းကို တို့က ဆုရရှိသည့် ကျောင်းသား/သူများကို ဆုများအသီးသီး ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/သူများက ကလေးစာဖတ်ခန်းအတွင်း ပြသထားသည့် ရုပ်ပြ၊ စာစောင်၊ ကာတွန်းစာအုပ်များအား ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်