တံတားဦးမြို့နယ်တွင် စေတနာရှင်အလှူရှင်များ၏ လှူဒါန်းမှုဖြင့်ဆောင်ရွက်သည့်(၄၀၅)ပေရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီး

တံတားဦး အောက်တိုဘာ ၂၀

ကိုယ့်အားကိုယ်ကိုးကွန်ကရစ်လမ်းကို စေတနာရှင်အလှူရှင်များ၏ လှူဒါန်းမှုဖြင့်(၄၀၅)ပေအား တံတားဦးခရိုင် တံတားဦးမြို့နယ် သူငယ်တော်အုပ်စု ချောင်ဦးရပ်တွင် ကွန်ကရစ်လမ်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ရွာလယ်လမ်းမကြီးအား ကွန်ကရစ်လမ်းခြင်းလုပ်ငန်း အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ရာသို့ တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ကွန့်နှင့် ကွန်ကရစ်လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်(၉)နာရီက လမ်းရေရှည်တည်တံ့ရေးခိုင်မြဲရေးနှင် အရည်သွေးပြည့်မီရေးတို့အတွက် စစ်ဆေးကြပြီး လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည်။ “ကျွန်တော်တို့ကျေးရွာ ရွာလယ်လမ်းမကြီး ယခုလို လမ်းအဆင့်မြှင့်တင်ခြင်းဖြင့် ကျေးရွာသူ/သားများဟာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးလုပ်ငန်းများအတွက် အလွယ်တကူသွားလာနိုင်မှာဖြစ်သလို ကုန်စည်စီးဆင်းမှုအတွက်လည်း အလွယ်တကူသွားနိုင်မည်ဖြစ်သည့်အတွက် အထူးဝမ်းသာမိပါကြောင်း ဒါ့အပြင် ဒီကွန်ကရစ်လမ်းမကြီး မပျက်စီးအောင်လည်း ကျွန်တော်တို့ ကျေးရွာသူ/သားက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျွန်တော်တို့ သူငယ်တော်ကျေးရွာအုပ်စု ချောင်းဦးရပ်တွက် အိမ်ခြေ (၂၀၀)ကျော်ရှိပါကြောင်း “ကျေးရွာကွန်ကရစ်လမ်း ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကွန့်ထံမှ သိရသည်။

သူငယ်တော်ကျေးရွာ ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းအဖြစ် စေတနာရှင်အလှူရှင်များမှ လှူဒါန်းသည့် လမ်းအရှည်မှာ(၄၀၅)ပေ၊ အကျယ်(၁၆)ပေ၊ ထုထည်(၆)လက်မဖြစ်၍ လမ်းအဆင့်မြှင့်တင်ခြင်းအတွက် ဘိလပ်မြေ(၂၀၇)လုံး၊ ၃-မူးကျောက်(၂၁)ကျင်း၊ မြစ်သဲ(၂၃) ကျင်း၊ ကျောက်ပြတ်(၅)ကျင်း ကွန်ကရစ်လမ်းခြင်းအတွက် လက်ခအဖြစ် တစ်ပေလျှင် (၃၅၀၀)ကျပ် ကုန်ကျပါကြေင်း ကွန်ကရစ်လမ်းမကြီး (၄၀၅)ပေ၏ စုစုပေါင်းကုန်ကျငွေမှာ ( ၅၆၄၈၁၀၀)သိန်းဖြစ်ကြောင်း လမ်းမကြီး၏ကုန်ကျငွေများကို တံတားဦးမြို့နယ် သူငယ်တော် အုပ်စုချောင်ဦးရပ်မှ စေတနာရှင်အလှူရှင်များမှ ထည့်ဝင်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

ရဲတင့်