မိုင်းလုံမြို့  လူထုအခြေပြုဗဟိုဌာန  (Community  Centre) ခန်းမတွင် စာဖတ်ဝိုင်းဆောင်ရွက်

မိုင်းလုံ   အောက်တိုဘာ ၂ဝ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနက လူငယ်များ စာကောင်းပေကောင်းများဖတ်ပြီး ဘဝကိုကောင်းမွန်စွာ ဖြတ်သန်းနိုင်ရန်၊ ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာပေ  ချစ်မြတ်နိုးသူများ  ပိုမိုတိုးပွားလာစေရန် စာရေးဆရာ ဒေါက်တာခင်‌စန်း‌မော်၏ "ပညာရှင်စိတ်ထား”   စာအုပ်ဖြင့်  စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်ခန့်က    လူထုအခြေပြုဗဟိုဌာန   ( Community  Centre)  ခန်းမ၌   ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်း က မျိုးဆက်သစ်လူငယ် လူရွယ်များ အတွေးအမြင်၊ အယူအဆများ မှန်ကန်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေးမြင့်မားရန်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းကို ပြောကြားပြီး  နန်းရွှန်းလဲ့လဲ့၀င်းက "ဘဝလှေကားထစ်များ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နန်းစုနဒီလှိုင်မှ “‌‌ရွေးချယ်မှု” ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ နန်းအိအိဖြူမှ "ကျန်းမာမှချမ်းသာ" ခေါင်းစဉ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ပြီး လူငယ်များ၏ဆွေးနွေးချက်ကို ပြည့်စုံအောင် မြို့ဉီးစီးမှူး ဒေါ်စုစုဝင်းက  ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)