ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် အခြားပြင်ပစာပေဗဟုသုတများတိုးပွားစေရေး၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့်စာအုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ် အမှတ်(၁၃)နှင့်အမှတ်(၁၄) အခြေခံပညာမူလတန်းကျောင်းများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ( တာဝန်ပေး) ဒေါ်သဇင်ဦးက မူလတန်းကျောင်းသား၊ ကျောင်းသူလေးများအား “စာပေဖတ်ရှုခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ စာပေဖတ်ရှု မှတ်သားမှုနည်းအကြောင်းနှင့် အလိမ္မာစာမှာရှိဆိုသကဲ့သို့ ငယ်စဉ်ကတည်းက စာဖတ်သည့် အလေ့အကျင့်ကောင်းကို ကျောင်းသား၊ ကျောင်းသူကလေးငယ်များအနေဖြင့် ပြုစုပျိုးထောင်သွားရမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ဗဟုသုတရရှိစေမည့် လူကုန်ကူးမှု အန္တရာယ်အသိပညာပေး၊ လျှပ်စစ်အသုံးပြုပုံနှင့် လျှပ်စစ်အန္တရာယ်အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံများကိုပြသပေးခဲ့ပြီး ကလေးများအကြိုက် ပညာပေးရုပ်ပြကာတွန်းစာအုပ် ပြပွဲများကိုလည်း ပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ဝေယံ(IPRD)