ရမည်းသင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့နှင့် ကျေးရွာဒေသခံပြည်သူများ တွေ့ဆုံကာကွင်းဆင်ဆောင်ရွက်

ရမည်းသင်း အောက်တိုဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများပူးပေါင်းပါဝင်သည့်အဖွဲ့နှင့် ကျေးရွာနေဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က အင်တိုင်းကျေးရွာ အစည်းအေဝးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဇော်မျိုးထက်က ကျေးလက်ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ပြည်သူ့အကျိုးပြု လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများကို ဆွေးနွေးပေးကြစေလိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းနိုင်ရေးနှင့် နိုင်ငံတော်အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ပြည်သူများသိရှိစေရေး၊ ဌာနဆိုင်ရာများပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီး ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်းက ပြည်သူလူထုနှင့် ဆက်စပ်လုပ်ကိုင်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားကာ ဌာနဆိုင်ရာများမှ ဖွံဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် အင်တိုင်းကျေးရွာ ဒေသခံပြည်သူများက ကျေးရွာအတွင်း ဖွံ့ဖြိုးရေးအတွက် လိုအပ်နေသည့် ကျေးရွာတွင်းလမ်းအဆင့်မြှင့်တင်ပေးနိုင်ရေး၊ စာသင်ကျောင်း ဆရာ/ဆရာမ လိုအပ်နေမှုတို့ကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနများမှ ကျေးလက်ပြည်သူများ၏ တင်ပြချက်အပေါ် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေးအခြေအနေများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော်နှင့် ဝန်ထမ်းများက အင်တိုင်းကျေးရွာအုပ်စုရှိ ပြည်သူ(၁၅၃)ဦးအား ကျန်းမာရေးဆေးကုသပေးခြင်း၊ ကိုဗစ်ကာကွယ်ဆေး(Booster Dorse) (၁၂၄)ဦးအား ထိုးနှံပေးခြင်းနှင့် အသက် ၉ နှစ်မှ ၁၂ နှစ်ကြား မိန်းကလေး(၁၇)ဦးအား ပထမအကြိမ် သားအိမ်ခေါင်ကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းကိုလည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၈)ပြည့် မှတ်ပုံတင်ပြုလုပ် ပေးခြင်း၊ အိမ်ထောင်စု(၁၇၁)စုကို ပုံစံ ၆၆/၆ အသစ်ပြုလုပ်ပေးခြင်းကိုလည်းကောင်း ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင်