ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးရွေ့လျားစာကြည့်တိုက် စနစ်ဖြင့်စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေး

ဇေယျာသီရိ အောက်တိုဘာ ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ သူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက နန်းဩကျေးရွာ အခြေခံပညာမူလတန်း လွန်ကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်နှင့် ဝန်ထမ်းများက   ကျောင်းသူ‌/သားများ အားလပ် ချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်ရေး၊ ကျောင်းစာအပြင် ဗဟုသုတတိုးပွားရေးအတွက် ပြင်ပ‌ စာပေများကိုပါ လေ့လာဖတ်ရှုနိုင်ရေးရည်ရွယ်၍ ကွင်းဆင်းငှားရမ်းပေးခြင်းဖြစ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကျောင်းသား/သူ  စာဖတ်ပရိသတ်များအတွက် သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်းစသည့် စာအုပ် စာစောင်ပေါင်း ၂၀၀ ကျော်ဖြင့် ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)