ညောင်ဦးမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများဆက်လက် ရောင်းချပေး

ညောင်ဦး  အောက်တိုဘာ ၂၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့တွင် မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊တို့၏ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၉နာရီ အချိန်မှစတင်ပြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများသို့ဆက်လက်ရောင်းချပေးနေကြောင်းသိရသည်။

ညောင်ဦးမြို့နယ်နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တစ်ဘက် တစ်လမ်းမှ အဆင်ပြေကြစေရန် မီးဖိုချောင်သုံးစားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ရာ လူတစ်ဦးလျှင် စားသုံးဆီ ငါးဆယ်သားကို ၂၂၀၀ ကျပ်နှုန်းဖြင့်မည်သူမဆို လွတ် လပ်စွာ ဝယ်ယူနိုင်ရေး ညောင်ဦးမြို့နယ်မြေ(၂)ဘုန်းစဉ်ဈေးပေါက်ဝနှင့် နယ်မြေ(၂)ဆုတောင်းပြည့် ဘုရားအနီးတို့တွင် Mobile ကား(၃)စီးဖြင့်လိုက်လံ ရောင်းချလျက်ရှိကြောင်း သိရသည်။အဆိုပါ Mobile ကားဖြင့်ရပ်ကွက်/ကျေးရွာနေပြည် သူများလက်ဝယ်အရောက်ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာစားအုန်းဆီပိဿာချိန်  ၆၆၀ ပိဿာရောင်းချပေးနိုင်ခဲ့ကြောင်းသိရသည်။

ကိုကြေးမုံ