လှိုင်သာယာ(အရှေ့ပိုင်း)၊ အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ကွက်/ကျေးရွာများရှိ မီးသတ်တပ်ဖွဲ့၀င်များအား မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေများပါအချက်အလက်များကို ခရိုင်မီးသတ်တပ်ဖွဲ့ဦးစီးမှူးမှ ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက န၀ဒေးဥယျာဉ်အိမ်ရာခန်းမတွင် ကျင်းပပြုလုပ်လျက်ရှိသည်။
မီးသတ်တပ်ဖွဲ့၀င်များအား တွေ့ဆုံဆွေးနွေးရာတွင် ရပ်ကွက်/ကျေးရွာများရှိ အရန်မီးသတ်တပ်ဖွဲ့၀င်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့၀င်များ၊ စက်မှုဇုန်များရှိသီးသန့်မီးသတ်တပ်ဖွဲ့၀င်များအား ၂၀၁၅ ခုနှစ်မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေများအားချပြရှင်းလင်းခြင်း၊ တပ်ဖွဲ့ဝင်များလိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများအား စနစ်တကျလိုက်နာဆောင်ရွက်ကြရန် ခရိုင်မီးသတ်တပ်ဖွဲ့ဦးစီးမှူးဦးမြင့်ဦးမှ ရှင်းလင်းဆွေးနွေးမှာကြားသည်။ မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေရှင်းလင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုနှင့်အဖွဲ့၀င်များ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကြည်သာဇော်၊ မြို့နယ်လ.၀.ကဦးစီးမှူးဦးခင်မောင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဇော်မင်းအောင်တို့ ရှင်းလင်းဆွေးနွေးပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ သန္ဓေမီးသတ်တပ်ဖွဲ့၀င်များ၊ ခရိုင်/မြို့နယ်အရန်သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ၊ စက်မှုဇုန်ကော်မတီ၀င်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များတက်ရောက်ကြကြောင်း တာ၀န်ရှိသူထံမှသိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)