ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အ‌ခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒဂုံတောင်  အောက်တိုဘာ  ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများဆယ်ယူခြင်း၊ ရေစည်၊ ရေအိုးများ၊ ရေလှောင်ကန်များအတွင်း ခြင်နှင့်ပိုးလောက်လန်းများပေါက်ပွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၄၀ ရပ်ကွက်၊ အမှတ်(၁၁)အခြေခံပညာအလယ်တန်းကျောင်းတွင် သွေးလွန်တုပ်‌ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သော အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းများ၊ ခြင်မခိုအောင်းနိုင်စေရေးအတွက် ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများဆယ်ယူရှင်းလင်းခြင်း၊ အသိပညာပေးစာစောင်များ ဖြန့်ဝေပေးခြင်းများကို ပညာရေးစစ်ကြောင်းမှ တာဝန်ခံပညာရေးမှူး လက်ထောက်ပညာရေးမှူးများ ဦးဆောင်ကာ ဆောင်ရွက်ကြကြောင်း သိရသည်။

ကျော်စွာမိုး(ဒဂုံတောင်)