ဟိုပုံး အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်၊ စငေါကျေးရွာ အုပ်စု၊ ခိုခြဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းနှင့် စငေါကျေးရွာအခြေခံပညာ အထက်တန်းကျောင်းတို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းထိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိန်မောင်ဋ္ဌေးက ရာသီဥတုပြောင်းလဲမှုအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ တောင်ကြီးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစိးမှူး ဒေါ်သိင်္ဂီလွင်က အမှိုက်ကင်းစင်ဒို့ဝင်းကျင် ကျန်းမာသန့်ရှင်းရောဂါကင်းခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပြောကြားပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)