ညောင်ရွှေမြို့၌ သစ်ဆွေးမြေဂေဟစနစ် ထိန်းသိမ်းခြင်းနှင့် သစ်ဆွေးမြေရှာဖွေဖော်ထုတ်ခြင်း ဆိုင်ရာသင်တန်း (Capacity Development Packages for Myanmar- MAHFSA Program) ဖွင့်လှစ်

ညောင်ရွှေ အောက်တိုဘာ  ၁၉

လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်ရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ သန့်ရှင်း သောပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်ကို အနာဂတ်မျိုးဆက်များဆီသို့ လက်ဆင့်ကမ်း ပေးနိုင်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်များအောင်မြင်စေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးအပါအဝင် လူထုလူတန်းစားအားလုံးမှ ပါဝင်ဆောင်ရွက် နိုင်စေရန်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သည့် သစ်ဆွေးမြေဂေဟစနစ် ထိန်းသိမ်းခြင်းနှင့် သစ်ဆွေးမြေ ရှာဖွေဖော်ထုတ်ခြင်း ဆိုင်ရာသင်တန်း (Capacity Development Packages for Myanmar- MAHFSA Program)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ Grand Inle Hotel ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီး မှူး ဦးသိန်းဌေးက အမှာစကားပြောကြားပြီး FREDA ဥက္ကဋ္ဌ ဦးစန်းလွင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားတက်ရောက်လာသည့် ဌာနဆိုင်ရာဧည့်သည်တော်များ၊ သင်တန်း နည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများမှ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းတွင် သစ်ဆွေးမြေအကြောင်း၊ သစ်ဆွေးမြေဖြစ်ပေါ်သည့်ဒေသများအား ရှာဖွေခြင်း၊ သစ်ဆွေးမြေစာရင်း ကောက်ယူခြင်းနှင့် သစ်ဆွေးမြေ မီးလောင်ကျွမ်းမှုများ၏ အခြေခံ အကြောင်း အရင်းများ၊ တောမီးလောင်ကျွမ်းမှုကာကွယ်ရေးစသည့် သင်ခန်းစာများ ပို့ချသွားမည် ဖြစ်ကြောင်း၊ သင်တန်းသို့ ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၂၆)ဦးတက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ (၃)ရက် ကြာမြင့်မည့်ဖြစ်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ