ကော့မှူး အောက်တိုဘာ ၁၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတရရှိစေရေးအတွက် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် နတ်စင်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.ကနတ်စင်ကုန်း)ကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူများ အားလပ်ချိန်ကိုအကျိုးရှိစွာအသုံးပြုကြရေး၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာကိုကြိုးစားကြသလို ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် ပြင်ပစာပေများကို လေ့လာဖတ်ရှုကြရန်၊ ပြင်ပစာအုပ်စာစောင်များလေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော အတွေးအခေါ်အမြော်အမြင်များ ရရှိမည်ဖြစ်ကြောင်းနှင့် စာပေလေ့လာဖတ်ရှုကြပါဆိုသောခေါင်းစဉ်ဖြင့်ဆွေးနွေး ဟောပြောခဲ့ပြီး အ.ထ.ကနတ်စင်ကုန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်က ယခုလိုကျောင်းသား၊ ကျောင်းသူများအသိပညာတိုးပွားစေရန် ဟောပြောပွဲများလာရောက်ဆောင်ရွက်ပေးသော မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအား အထူးကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှတ်တမ်းဓာတ်ပုံပြခန်းများ၊ မိုးရာသီတွင်ဖြစ်ပေါ်လာမည့် မျောက်ကျောက်ရောဂါအကြောင်းအရာများစသည့် အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသရာကျောင်းသား/ကျောင်းသူများစိတ်ပါဝင်စားစွာကြည့်ရှုလေ့လာ နေကြကြောင်း သိရသည်။
ကျော်သူရ ပြန်/ဆက်