ပင်လောင်း အောက်တိုဘာ ၁၉
ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်စာစောင်များ လာရောက်ဖတ်ရှု့ငှားရမ်းရန် အခက်အခဲရှိသည့် စာဖတ်ဝါသနာရှင်များ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား/ ကျောင်းသူများအား စာအုပ်စာစောင် ဖတ်ရှုလေ့လာမှု ပိုမိုအဆင်ပြေစေရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို စာဖတ်ဝါသနာရှင်များထံ သွားရောက် ငှားရမ်း ပေးလျက်ရှိသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဝန်ထမ်းများက စာဖတ်ဝါသနာရှင်များ၊ ဌာနဆိုင်ရာများထံအရောက် တစ်ပတ်လျှင် တစ်ကြိမ်ဖြင့် စာအုပ်စာစောင်များ လဲလှယ်ငှားရမ်း ပေးရာ ယနေ့နံနက်ပိုင်းတွင်လည်း ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ စာအုပ်စာစောင်များ လဲလှယ် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်