ပေါင် အောက်တိုဘာ ၁၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အမျိုးသမီး အကြမ်းဖက်မှု ပပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပေါင်မြို့နယ် ဥပဒေရုံးမှ ဒုတိယ ဥပဒေအရာရှိ ဒေါ်ဝေဝေမွန်က အမျိုးသမီးများ အကြမ်းဖက်ခံရခြင်း၏ အကြောင်းအရင်းများ၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပုံစံ အမျိုးမျိုး၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၏ ရလဒ်ဆိုးကျိုးများ၊ အမျိုးသမီး အကြမ်းဖက်မှု ပပျောက်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ပါသည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့်(Talk Show) ပြုလုပ်ခြင်းဖြင့် ပြည်သူများ အသိပညာများ တိုးပွားစေရန် ရည်ရွယ်ပါသည်။
မြို့နယ်(ပြန်/ဆက်)