မြစ်သား အောက်တိုဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောင်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် လွပ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက် ပွဲများကို ကျင်းပပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် မဲရုံများလျာထားနိုင်ရေးအတွက်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြစ်သားမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ကျောက်ဆည်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဟိန်း၊မြစ်သားမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်ယဥ်မွန်းဖိုး၊ မြစ်သား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ် ချုပ်ရေးမှူးဦးရှိန်းသူ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးအောင်ကျော်မိုး၊ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုမှအုပ်ချုပ်ရေးမှူးများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှစာရေးဝန်ထမ်းများ တက်ရောက်ကြပြီး ခရိုင်နှင့်မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ ကမဲရုံများကြိုတင်ပြင်ဆင်လျာထား သတ်မှတ်နိုင်ရေးအတွက် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများကလည်း လိုအပ်ချက်များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထို့နောက် ကျောက်ဆည်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဟိန်းနှင့်ကော်မရှင်အဖွဲ့ဝင်များ သည် ဘူတာရပ်ကွက်၊ရှမ်းပွဲရပ်ကွက်၊ ရွာသစ်ကျေးရွာအုပ်စုနှင့် ရေဝန်းကျေးရွာအုပ်စုရှိ မဲရုံတည်နေရာများအား ကွင်းဆင်းကြည့်ရှုစစ် ဆေးခဲ့ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)