ရမည်းသင်းမြို့၌ အခြေခံစားသောက်ကုန်ဆန်၊ ဆီ၊ ကြက်ဥ၊ အာလူးနှင့် ဟင်းသီးဟင်းရွက်တို့ကို ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

ရမည်းသင်း   အောက်တိုဘာ  ၁၉

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အစီစဉ်ဖြင့်ရမည်းသင်းမြို့ အမှတ်(၃)စစ်အခြေခံလေ့ကျင့်ရေးတပ် မြို့နယ်ဆီကုန်သည်ကြီးများအသင်းတို့ ပူးပေါင်း၍ ရမည်းသင်းမြို့နယ်ရှိ ပြည်သူများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဉ၊အာလူးနှင့် ဟင်းသီး ဟင်းရွက်တို့ကို ဈေးနှုန်းသက်သာစွာဖြင့်  ယနေ့နံနက် ၇နာရီခွဲကစ၍ ရမည်းသင်းမြို့၊ ရန်အောင်မြင်ဓမ္မာရုံရှေ့တွင် စတုတ္ထအကြိမ် ရောင်းချပေးလျက်ရှိသည်။

ထိုသို့ ရောင်းချပေးရာတွင် ပြည်သူတစ်ဦးလျှင် ဆန်တစ်ပြည်လျှင် ၁၅၀ဝိ ကျပ်၊အာလူး တစ်ပိဿာ(၂၅၀၀)ကျပ်၊ ကြက်ဉတစ်လုံး ၁၆၀ကျပ်၊ စည်သွပ်ဘူး၊ အိုင်အိုဒင်းဆာနှင့် ဟင်းသီး ဟင်းရွက်တို့ကိုလည်းကောင်း၊ မြို့နယ်ဆီကုန်သည်များအသင်းမှ ပိဿာ(၅၅၀)ကိုတစ်ဦးလျှင် ဆီ (၅၀)ကျပ်သား(၂၂၅၀)ကျပ်ဖြင့်လည်းကောင်း ပြည်သူများ လက်ဝယ်အရောက်လွတ်လပ်စွာ ရောင်ချခြင်းကို အမှတ်(၃) စစ်အခြေခံလေ့ကျင့်တပ်၊ အရာရှိစစ်များ၊စည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စည်းကမ်း ထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ အဖွဲ့ဝင်များမှရောင်းချပေးခဲ့ ကြောင်း သိရသည်။

 အခြေခံစားသောက်ကုန် ဆန်၊ဆီ၊ကြက်ဉ၊ အာလူး၊ ကြက်သွန်နီနှင့် ဟင်းသီးဟင်းရွက်တို့ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေခြင်းကို ရမည်းသင်းမြို့အမှတ်(၃) စစ်အခြေခံတပ်၊ ဒုတိယဗိုလ်မှူးကြီးကျော်ဇင်ထက်၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ နှာခေါင်းစည်း(Mark)များ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)