မိုင်းဖြတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မိုင်းဖြတ် စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူငယ်ရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အောက်တိုဘာလ ၁၈ရက်နေ့ မွန်းလွဲ ၂နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က လူငယ်နှင့် ခေါင်းဆောင်မှုခေါင်းစဉ်ဖြင့် ယနေ့ခေတ် လူငယ်များ၏အနာဂတ်၊ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ဖို့  အရည်အသွေး၊ အရည်အချင်းများပြည့်ဝစေရန် စာပေအသိပညာဗဟုသုတများ လေ့လာဖတ်ရှုရန်လိုအပ်ကြောင်း၊ စာပေများ လေ့လာဖတ်ရှုရာတွင် ဘဝအတွက်အကျိုးပြု၊ အေထာက်အကူပြုသော စာပေကောင်းများ ကို ဖတ်ရှုရန်လိုအပ်ကြောင်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသသည့် အသိပညာ ပေးနံရံကပ်စာစောင်များ၊ ဓာတ်ပုံပြပွဲများ၊ စာအုပ်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)