ကျိုင်းလပ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျိုင်းလပ် အောက်တိုဘာ ၁၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများ အသိပညာဗဟုသုတကြွယ်ဝပြီး ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်နှင့် အ‌တွေးအ‌ခေါ်ကောင်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ပြပွဲ၊ ပြခန်းများလစဉ် ပြသဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ခင်းကျင်းပြသသည့် မူးယစ်ဆေးဝါးနှင့်ပက်သက်သည့် နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များအား  လူငယ်များနှင့် ဒေသခံပြည်သူများက စိတ်ပါ၀င်စားစွာ ကြည့်ရှူ့လေ့လာခဲ့ကြကြောင်း သိရသည်။

မေဇင်ဦး(ပြန်/ဆက်)