ဒေါပုံ စက်တင်ဘာ ၁၇
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ သင်္ဘောကျင်းရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများ အား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ဆက်လက်ပေးအပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါထောက်ပံပေးအပ်ခြင်း ကို ၂၀၂၀ပြည့်နှစ်၊ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလများ အတွက် လူမှုရေးပင်စင် တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် ထောက်ပံ့ပေး ခြင်းကို သင်္ဘောကျင်းရပ်ကွက်ရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၁၄)ဦး တို့အား ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်တို့က အိမ်တိုင်ရာ ရောက် လိုက်လံပေးအပ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
သဲစုစုလွင်(ပြန်/ဆက်)