ဒလ အောက်တိုဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေး စစ်ကြောင်းဟူ၍ မြိုနယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပညာရေးစစ်ကြောင်းအနေဖြင့် ယနေ့ နံနက်က အခြေခံပညာမူလတန်းကျောင်းများရှိ ကျောင်းဆာင်သစ်များတည်ဆောက်နေမှုကို ကြည့်ရှုရန် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဒေသဖွံဖြိုးရေးဆောင်ရွက်မှုကို ပညာရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေး ခေါင်းဆောင်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် Builder -89 ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေသော (ပေ ၄၀ ပေ၃၀) ရှိ ရွာသစ်ကျေးရွာ မူလတန်း (RC) တစ်ထပ်ကျောင်းဆောင်သစ်ကို စက်တင်ဘာလအတွင်းတွင် စတင်ဆောက်လုပ် ပေးလျက်ရှိရာ ၃၅% ပြီးစီးမှုကိုလည်းကောင်း၊ Eden Rose ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေသော (ပေ ၉၀ ပေ၃၀) ရှိ သပြေကုန်းကျေးရွာ အထက်တန်း ( RC ) တစ်ထပ်ကျောင်းဆောင်သစ်ကို သြဂုတ် လအတွင်းတွင် စတင်ဆောက်လုပ်ပေးလျက်ရှိရာ ၃၅% ပြီးစီး မှုကိုလည်းကောင်း၊ Aung Nan Pyae ကုမ္ပဏီက တာဝန်ယူ တည်ဆောက်နေသော (ပေ ၁၂၀ပေ ၃၀) ရှိ တာကြီးရပ်ကွက် အမှတ် (၆) အလယ်တန်းကျောင်းခွဲ (RC) နှစ်ထပ်ကျောင်းဆောင်သစ်ကို သြဂုတ်လအတွင်းတွင် စတင်ဆောက်လုပ် ပေးလျက်ရှိရာ ၅၀% ပြီးစီးမှုတို့ကို လည်းကောင်းကြည့်ရှု စစ်ဆေးပြီး ထိုကျောင်းဆောင်သစ်များအား သတ်မှတ်သည့် အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပညာရေးစစ်ကြောင်း အဖွဲ့ဝင်တို့က တာဝန်ခံအင်ဂျင်နီယာနှင့် အနီးကပ်ကြီးကြပ် ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေး လမ်းညွှန်အကြံပြုခြင်များ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရသည်။ ထိုပညာရေးစစ်ကြောင်းကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (၂) ဦးရွှေလှိုင်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာနတို့မှ တာဝန်ရှိသူတို့က ကျောင်းဆောင်သစ်များ တည်ဆောက်နေမှု အခြေအနေတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ ကောင်းမွန်သော အစီ အစဉ်ဖြစ်စေရန် အကြံပြုလမ်းညွှန်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီတာဝင်း(ပြန်ဆက်)