စမ်းချောင်းမြို့နယ်တွင် လင်းပင်ပရိယတ္တိ စာသင်တိုက်သို့ ဆွမ်းဆန်စိမ်း(၂၈)အိတ်လှူဒါန်း

စမ်းချောင်း အောက်တိုဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ လင်းပင်ပရိယတ္တိ စာသင်တိုက်ဆရာတော်ထံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ယနေ့နေ့မွန်းလွဲ (၃)နာရီက ဆွမ်းဆန်စိမ်း(၂၈)အိတ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဆွမ်းဆန်စိမ်းလှူဒါန်းခြင်းကို စမ်းချောင်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက  ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်ငြိမ်းချမ်းဝင်း