လဲချား အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက်လူစည်ကားသည့် နေရာများဖြစ်သော မြို့မစျေး၊ ပျံကျစျေး၊ ကားဂိတ်နှင့် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း(Mask)များ အပတ်စဥ်အခမဲ့ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၈)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ မြို့မစျေး၊ ပျံကျစျေး၊ ကားဂိတ်နှင့် လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း (Mask)တပ်ဆင်ထားခြင်းမရှိပဲ သွားလာနေကြသည့် စျေးရောင်း၊ စျေးဝယ်ပြည်သူများ၊ ကျောင်းသား/သူများအား နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း (Mask)များ စနစ်တကျ မဖြစ်မနေ တပ်ဆင်သွားလာရန်၊ လက်ကို မကြာခဏ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်းကမ်း ချက်များကို လိုက်နာဆောင်ရွက်သွားကြရန်၊ ကိုဗစ်ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုး နှံကြရန် အသိပညာပေးဟောပြောခဲ့ပြီး နှာခေါင်းစည်း(Mask) (၁၀၀၀) ခုကို အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လဲချား (မြို့နယ်ပြန်/ဆက်)