ချောင်းဆုံ စက်တင်ဘာ ၁၇
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စက်တင်ဘာ ၁၇ ရက်နေ့ နံနက် (၇) နာရီအချိန်ခန့်က မုရစ်ကလေး၊ ကမာကေးကျေးရွာများရှိ ဈေးရောင်း၊ ဈေးဝယ် သူများနှင့် မုရစ်ကလေးလမ်းဆုံ၊ ချောင်းဆုံအရှေ့ပိုင်းရပ်ကွက်ရှိ ကမ္ဘောဇဘဏ် ရှေ့ လမ်းဆုံတို့တွင် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်သိန်း၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်း အဖွဲ့ဝင်များ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများက ဈေးအတွင်း နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့မှ ပညာပေးသရုပ်ပြ ကပြခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်မှ ချောင်းဆုံမြို့နယ် ကြက်ခြေအသင်း(ခွဲ)သို့ နှာခေါင်းစည်း(Mask) အခုရေ(၁၀၀၀) နှင့် ငွေကျပ်(၅)သောင်းအား ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထူးအိမ်(ပြန်/ဆက်)