ဆီဆိုင်မြို့၌  စာဖတ်သူများထံသို့ စာအုပ်များ အခမဲ့ကွင်းဆင်းငှားရမ်းပေး

ဆီဆိုင် အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများသည် ပြည်သူများစာဖတ်သည့်အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသည့် စာဖတ်ဝါသနာရှင်များ စာပေကိုလွယ်လင့်တကူလေ့လာဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားလာစေရန်အတွက် နယ်လှည့်စာကြည့်တိုက် Mobile Library စနစ်ဖြင့် စာဖတ်သူများထံသို့ စာအုပ်များအခမဲ့ဌားရမ်းပေးခြင်းကို ယမန်နေ့ညနေ ၃ နာရီက ဌာနဆိုင်ရာရုံးများသို့ စာအုပ်များအခမဲ့ ကွင်းဆင်းငှားရမ်းပေးခဲ့သည်။

အဆိုပါစာအုပ်များငှားရမ်းပေးရာတွင် ဌာနဆိုင်ရာရုံးများသို့ သုတစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ၀တ္တုစာအုပ်များနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့်စာအုပ်များကို စုံလင်စွာငှားရမ်းပေးခဲ့ပြီး ထိုသို့ ငှားရမ်းပေးခဲ့သောစာအုပ်များအား တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် အပတ်စဉ်လဲလှယ် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)