နောင်ချိုမြို့နယ်အတွင်းရှိ အသက်၈၅နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့

နောင်ချို    စက်တင်ဘာ   ၁၇

ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ မြို့နယ်အတွင်းရှိ အသက်  ၈၅ နှစ် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်လျက်ရှိရာ ယမန်နေ့ ညနေ (၃)နာရီအချိန် က  ပါဟတ်ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများအား  တာဝန်ရှိသူများက  လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေပေးအပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဒေါ်စန်းစန်းမော်နှင့် ဝန်ထမ်းများ၊  ပါဟတ်ရပ်ကွက်  အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက  ပါဟတ်ရပ်ကွက်အတွင်းရှိ   အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား တစ်လလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် (၃)လစာကျပ် သုံးသောင်းစီကို ၎င်းတို့နေထိုင်သည့် အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။   နောင်ချိုမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ၃ လတစ်ကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ပြီး  မြို့နယ်အတွင်းရှိ  သက်ကြီးဘိုးဘွား ၂၉၃ ဦးကို တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

ထွေးငယ် (နောင်ချို၊ပြန်/ဆက်)