မိုင်းယောင်း၌ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပါဟုတ်ကျေးရွာအုပ်စု၊ ပါဟုတ်ကျေးရွာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်နှင့် ဝန်ထမ်းများသည် ယမန်နေ့က နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့ သည်။

ရှေးဦးစွာ အမက(ပါဟုတ်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုလှိုင်က နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲဆောင်ရွက်မှုနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးက ကျောင်းစာကြည့်တိုက် ရှင်သန်ခိုင်မာစေရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်းများကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်(၃) ဒေါ်နန်းစီဖေါင်းက မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု အန္တရာယ်ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသီးသီးဟောပြောသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ခြင်း၊ သုတ/ရသစာအုပ်၊ ဝတ္ထု၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် ရုပ်ပြစာအုပ်များ ငှားရမ်းခြင်း၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲပြသခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း