စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အပတ်စဉ် သွားရောက်ငှားရမ်းပေး

မိုင်းရှူး အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးအတွက်  Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြန်မာ့စီးပွားရေးဘဏ်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ယင်းသို့ စာအုပ်/စာစောင်များငှားရမ်းပေးရာတွင် စာဖတ်ရှိန်မြှင့်တင်‌စေရန်၊ စာဖတ်သူတိုးပွား လာ‌စေရန်နှင့် စာကြည့်တိုက်သို့ကိုယ်တိုင် မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ စာပေ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများ၊ ကျောင်းများသို့သွားရောက်၍ သုတ/ရသများ၊ မဂ္ဂဇင်းများနှင့် ဝတ္ထုစာအုပ်များ ငှားရမ်းပေးပြီး အပတ်စဉ်စာအုပ်အသစ်များ သွားရောက် လဲလှယ်ပေးလျက်ရှိကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)