စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် ဌာနဆိုင်ရာရုံးများသို့ စာအုပ်စာစောင်များ သွားရောက် ငှားရမ်းခြင်းများဆောင်ရွက်

မိုင်းနောင်အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များကို ယနေ့နံနက်(၁၁)နာရီအချိန်က သွားရောက်ငှားရမ်းပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးစာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသော ဌာနဆိုင်ရာရုံးဝန်ထမ်းများ စာအုပ်၊ စာပေများအလွယ် တကူ လေ့လာဖတ်ရှုနိုင်စေရေ၊ ပြင်ပဗဟုသုတများရရှိနိုင်စေရေးနှင့် အားလပ်ချိန်တွင် စာအုပ်စာစောင် များဖတ်ရှု၍ စိတ်အပန်းဖြေနိုင်ရေး၊ စာဖတ်ရှိန်မြှင့်မားရေးတို့အတွက် စီစဥ်ဆောင်ရွက် ပေးကြောင်းသိရသည်။

ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များသွားရောက်ငှားရမ်းပေးခြင်းကို တစ်လလျှင်နှစ်ကြိမ် ဝန်ဆောင်မှုပေးလျက်ရှိပြီး ယခုလတွင် မြို့နယ်ခွဲစည်ပင်သာယာရေးဌာနနှင့် မြို့ လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)