မန္တလေး အောက်တိုဘာ ၁၈
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၁၁)နာရီက ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲ (Talk Show)ကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် စာရေးဆရာမကြီးနုနုကြည် (အမေ့အိမ်)တို့က ဦးဆောင်ဆွေးနွေးကြပြီး ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားပပျောက်ရေးစီမံချက်(၆)ချက်နှင့် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ဆင်းရဲမွဲတေမှုလျော့ချရေးနှင့် မိသားစုများအတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် အားလုံးကဝိုင်းဝန်းဆောင်ရွက်ပေးရေး အစရှိသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်သန်း