မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မြောက်ဥက္ကလာပ အောက်တိုဘာ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀:၀၀)အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက အမှာစကားပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆက်လက် လုပ်ဆောင်သွားကြရန်၊ မြို့နယ်အတွင်း (mask campaign)များကိုလည်း ဆက်လက်လုပ်ဆောင်သွားကြရန်၊ ဈေးနှင့်လမ်းများတွင် ကလိုရင်းဆေးဖျန်းခြင်းကိုလည်း စီစဉ်ဆောင်ရွက်သွားကြရန်နှင့် ပြည်သူများ ကိုဗစ်-၁၉‌‌ ရောဂါကာကွယ် ဆေးထိုးနှံရေးနှင့် အသိပညာပေးနှိုးဆော်ချက်များကို လိုက်နာကြရန်၊ လိုအပ်သည့်ဆောင်ရွက်ချက်များလည်း ထပ်မံဖြည့်စွက်တင်ပြပေးကြပါရန် ဆွေးနွေးခဲ့သည်။

တက်ရောက်လာသူများကလည်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသွားကြမည်ဖြစ်ကြောင်းနှင့် မိမိတို့လုပ်ဆောင်ချက်များကို အများပြည်သူများသိရှိသဘော ပေါက်နားလည်ကြစေရန်လည်း လိုအပ်ပါသေးကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြသည်။ အဆိုပါအစည်းအဝေးကို မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း‌ကော်မတီအဖွဲ့မှ ဌာနဆိုင်ရာတာဝန်ရှိ အစည်းအဝေးကို နံနက်(၁၁:၀၀)အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်းသိရသည်။

သိင်္ဂီပြည့်ဖြိုး( ပြန်/ဆက်)