ကျောက်ပန်းတောင်း၊ စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ထိန်းချုပ် ကာကွယ်နိုင်စေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အစီအစဉ်ဖြင့် မြို့အဝင် အထွက်တို့တွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ဆောင်ရွက်လျှက်ရှိရာ၊ စက်တင်ဘာ (၁၇) ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ် ကော်မတီတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် မြို့နယ်စည်ပင်သာယာကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးတင့်ခိုင်၊ ကော်မတီဝင် ဦးလှမိုးတို့သည် ကျောက်ပန်းတောင်း-ညောင်ဦးလမ်းအဝင် စစ်ဆေးရေးဂိတ်၊ ကျောက်ပန်းတောင်း-မိတ္ထီလာလမ်းအဝင် မြတ်နိုးသူဂိတ်နှင့် ကျောက်ပန်းတောင်း-ရေနံချောင်းလမ်းအဝင် ကောင်းမွန်ဂိတ်တို့တွင် လူနှင့်ယာဉ်များဝင်ရောက်မှုနှင့် ဖြတ် သန်းသွားလာမှုတို့အတွက် စစ်ဆေးဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)