မိုင်းယောင်း အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက “လူကုန်ကူးမှုကို လက်တွဲညီညာတိုက်ဖျက်” ခေါင်းစဉ်ဖြင့် Talk Show ပြုလုပ်သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းပန်၊ ရုပ်သံကျွမ်းကျင်(၃) ဒေါ်နန်းစီဖေါင်းနှင့် လုပ်သားရုပ်သံ ဒေါ်ဝေဝေခိုင်တို့က လူကုန်ကူးမှုသည် မိမိ၏အကျိုးစီးပွားအတွက် လူအများ၏ကိုယ်ကာယ၊ လုပ်အားတို့ကို ခေါင်းပုံဖြတ်အမြတ်ထုတ်၍ အကျိုးအမြတ်ယူခြင်းဖြစ်ကြောင်း၊ လူကုန်ကူးမှုကို အများအားဖြင့် မသိနားမလည်သော အမျိုးသမီးများနှင့် ကလေးသူငယ်များကြားတွင် ဖြစ်ပေါ်လာတတ်ပြီး ယခုအခါ အမျိုးသားများ၊ သက်ကြီးရွယ်အိုများပါမကျန် ကျား/မ အသက်အရွယ်မရွေး လူကုန်ကူးခံရနိုင်ခြေရှိသည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးကို ပြုလုပ်နေကြသော်လည်း လစ်ဟာမှုများကြားမှ လူကုန်ကူးခံနေရသည့် သားကောင်များစွာရှိနေကြောင်း၊ လူသားချင်း စာနာထောက်ထားသောအားဖြင့် လူကုန်ကူးမှုဖြစ်စဉ်များအား ဝိုင်းဝန်းဖော်ထုတ်ရေးတို့ကို အသိတရားဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန် စသည့် “လူကုန်ကူးမှုကို လက်တွဲညီညာတိုက်ဖျက်”အကြောင်းကို ဆွေးနွေးခဲ့ကြသည်။
ယင်းဆွေးနွေးမှုများကို မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ Facebook Page၊ We Love Mongyawng Facebook Page၊ We Love Mongyawng Telegram နှင့် We Love Mongyawng Okpar တို့တွင် ရိုက်ကူးထုတ်လွှင့်ထားရာ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း