မြောက်ဥက္ကလာပ စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်စည်ပင်သာယာရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် သုဓမ္မာလမ်းမကြီးတစ်လျှောက် ပျက်စီးနေသည့် လမ်းပိုင်း ပြုပြင်ခြင်းနှင့် အုတ်ပုံဆိပ်တံတားရှိ လမ်းပေါက်ပျက်စီးနေမှုကို ယမန့်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်လမ်းတံတား အင်ဂျင်နီယာဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ်၏ ကားအသွားအလာများပြီး အဓိကလမ်းမကြီးဖြစ်သည့် သုဓမ္မာလမ်းမကြီးတစ်လျှောက် ပျက်စီးနေသည့် လမ်းအပိုင်း များအား နိုင်လွန်ကတ္တရာခင်းကျင်းလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းကို မြို့နယ် စည်ပင်လမ်းတံတားအင်ဂျင်နီယာဌာနမှ တာဝန်ခံဦးဝဏ္ဏဝင်း ကြီးကြပ်မှုဖြင့် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တံတားလေးလမ်းဝတံတား(အုတ်ပုံဆိပ်တံတား)သည် မီးရထားဌာနပိုင် တံတားဖြစ်သော်လည်း တံတားပေါ်ရှိ လမ်းပေါက်ပျက်စီးနေမှုများအား အများပြည်သူများ သွားလာရေးအဆင်ပြေစေရန်အတွက် မြို့နယ်စည်ပင်လမ်းတံတား အင်ဂျင်နီယာဌာနမှ ပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)