တံတား အောက်တိုဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁ဝ)နာရီအချိန်က တံတားမြို့အမှတ်(၄)ရပ်ကွက်အတွင်းရှိ အ.မ.က(မူလွန်)ကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးဖြူလွင်က ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေများကိုဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချရန်လိုကြောင်း၊ စာအုပ်စာပေလူမိတ်ဆွေဆိုသည့်အတိုင်း စာပေသည်မိမိတို့၏မိတ်ဆွေကောင်းများဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားလာစေရန် ယခုလိုဟောပြောပွဲများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားကာ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးဆိုင်ရာအသိပညာများ ရရှိစေရန်နှင့်မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများကိုသိရှိစေရန်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့်မှတ်တမ်းဓာတ်ပုံများ၊ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ ( တံတား )