ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက် မင်္ဂလာဈေးတွင် မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

ဘီးလင်း  အောက်တိုဘာလ  ၁၇

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက် မင်္ဂလာဈေးအတွင်းရှိ စျေးဆိုင်ခန်းများ မီးဘေးလုံခြုံရေးကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးထွန်းထွန်းလင်းနှင့်အဖွဲ့က သွား​ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှုး ဦးထွန်းထွန်းလင်း၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ပါဝင်သော  ပူး​ပေါင်းအဖွဲ့သည် မင်္ဂလာဈေးအတွင်းရှိ ဆိုင်ခန်းများအတွင်း ဝါယာကြိုးများ၊ မီးခလုတ်များ ကောင်းမွန်မှုအခြေအနေ၊  မီးသတ်ဆေးဗဘူးများ သုံးစွဲမှု ရှိ/မရှိ၊ အသုံးပြု၍မရသော မီးသတ်ဆေးဗဘူးများအား ပြန်လည်ဖြည့်ဆည်းထားကြရန်၊ လိုအပ်သော မီးချိတ်၊ မီးကပ် ရေပုံးများကိုလည်း အဆင်သင့်ထားရှိကြရန် အမှိုက်များကိုလည်း စနစ်တကျစွန့်ပစ်ကြရန်နှင့် စျေးအတွင်း မီးငြိမ်းသတ်ရာတွင် လိုအပ်သည့်ရေများ အလွယ်တကူရရှိ နိုင်ရေး အဆင်သင့်ဆောင်ရွက်ထားရှိမှု အခြေအနေများ  စသည့်လိုအပ်ချက်များကို  စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)