ထန်းတပင်မြို့နယ်တွင်​ ကျေးရွာသစ်လှုပ်ရှားမှု အ​ခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) အား Virtual စနစ်ဖြင့် ဖွင့်လှစ်သင်ကြား​

ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင်နေ့ နံနက်ပိုင်းကကျေးရွာ သစ်လှုပ်ရှားမှု အခြေခံသင်တန်းအမှတ်စဉ် (/၂၀၂၂) ကို Virtual စနစ်ဖြင့် ဖွင့်လှစ်သင်ကြား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကိုရေဖြူကျေးရွာအုပ်စု ယင်းတင်ကျေးရွာနှင့် ဓါတ်တော်ကုန်းကျေးရွာအုပ်စု အထက်ဓါတ်တော်ကုန်းကျေးရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပြီးကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စီမံခန့်ခွဲနိုင်ရေးတို့အတွက်လည်းကျေးရွာကော်မတီဝင်များကို သင်တန်းဖွင့်လှစ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသူရစိုး၊ စိုက်ပျိုးပညာပေးရေးနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးသင်တန်းကျောင်း မှ သင်တန်းနည်းပြ (၁၃) ဦးတို့မှကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆယ်မာအူးလ် တွေ့အကြုံများ၊ စီမံကိန်းလမ်းညွှန်ချက်များ၊ကျေးလက်ဒေသ သတင်းအချက်အလက်ပြသည့် မြေပုံရေးဆွဲနည်းများ၊ ဆင်းရဲမှုလျော့ချရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍများ၊ စွမ်းဆောင်ရည်လူနေမှုကဏ္ဍ၊ ကူးစက်ရောဂါကာကွယ်ရေးနည်းလမ်းများ၊ ဝင်ငွေတိုးပွားရေးကဏ္ဍများ၊ ထိန်းသိမ်း ကာကွယ် အမှိုက်အန္တရာယ်အကြောင်း၊ ဆယ်မာအူးလ်ခေါင်းဆောင်အခန်းကဏ္ဍများကို သင်ကြားပို့ချပေးသွားမည်ဖြစ်သလို သင်တန်းသို့လည်း ထန်းတပင်မြို့နယ်မှ သင်တန်းသားကျေးရွာ ကော်မတီအဖွဲ့ဝင် (၂၈) ဦးတို့ တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ အောက်တိုဘာလ(၁၇)ရက်နေ့မှအောက်တိုဘာလ(၂၁)ရက်နေ့အထိ  ()ရက်ကြာမြှင့်မည်ဖြစ်ကြောင်း လည်းသိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)