ခရမ်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး(Mask Campaign)ပြုလုပ်၍ အသိပညာပေးဆက်လက်ဆောင်ရွက်

ခရမ်း    အောက်တိုဘာ   ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ် BA-4 ၊ BS-5 ကာကွယ်၊ တာဆီး၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၁ နာရီက ခရမ်းမြို့အတွင်းလူစည်ကားရာနေရာများတွင်(Mask Campaign) ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ၊ နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ ဆက်လက်လိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရန်ရည်ရွယ်၍  ခရီးသွားဒေသခံပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း Mask များ နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေတပ်ဆင်သွားလာရေးအသိပညာပေး (Mask Campaign)ကို ပြည်သူများရောဂါကူးစက်မှုမခံရစေရေး စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး လူစည်ကားရာနေရာဖြစ်သော ခရမ်းမြို့မဈေးထိပ်နှင့် လူစည်ကားရာနေရာများတွင်  ခရမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ရဲနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဝင်များက မြို့နယ်အတွင်း ဈေးဝယ်၊ ဈေးရောင်းသူများ၊ လမ်းသွား၊ လမ်းလာများခရီးသွားပြည်သူများအား စနစ်တကျ(Mask)တပ်ဆင်သွားလာရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့ပြီး Mask များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ကိုမင်း(ခရမ်း)