ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိ ပညာပေးဟောပြောပွဲကျင်းပ ဆောင်ရွက်

မော်လမြိုင် အောက်တိုဘာ ၁၇

မွန်ပြည်နယ် အကျဉ်းဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် မော်လမြိုင်အချုပ်ထောင်၌ တာ၀န်ထမ်းဆောင်နေသော ၀န်ထမ်းများနှင့် ၀န်ထမ်းမိသားစု၀င်များအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ် အသိပညာပေး ဟောပြောပွဲကို မော်လမြိုင်အချုပ်ထောင်ဓမ္မာရုံ၌ ယနေ့ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင်ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ယာဉ်မောင်းစစ်ဌာနမှ စစ်ဆေးရေးမှူး-၂ ဦးမြင့်ထွန်း၊ အမှတ်(၇၇)ယာဉ်တပ်ရဲတပ်ဖွဲ့စုမှူးရုံး (မော်လမြိုင်) ရဲအုပ်အောင်ခိုင်စိုးတို့က ယာဉ်စည်းကမ်းလမ်းစည်းကမ်း အန္တရာယ်အကြောင်းများ သိသင့်သိထိုက်သည့် အကြောင်းအရာ အချက်အလက်များအား ရှင်းလင်းဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်